Loading

wait a moment

iPhone model အသစ်များ မထွက်ခင် iPhone X ကိုဈေး လျော့ပေးမည်ဟုသတင်းထွက်

iPhone X ဟာ ၂၀၁၇ မှာ အဆန်းသစ်ဆုံး design နဲ့ထွက်လာတဲ့ ဖုန်းတစ်လုံးပါ။ ၁၀နှစ်ပြည့်အထိန်းအမှတ်အနေနဲ့ ထွက်လာတဲ့ iPhone X ဟာအစပိုင်းမှာ ရောင်းအားကောင်းပေမယ့် နောက်ပိုင်း
တွေမှာ တဖြည်းဖြည်း ရောင်းအားကျလာခဲ့ပါတယ်။ Apple ကနေ
ဈေးလျော့ပေးမယ့် iPhone model များကို Apple fan များက ထပ်စောင့် နေတာကြောင့်လဲဖြစ်နိုင်ပါတယ်။

ဈေးကွက်မှာရင်းနှီး မြှပ်နှံနေကျဖြစ်တဲ့ CLSA bank ကအကြီးအကဲ
ဖြစ်တဲ့ Nicolas Baratte က iPhone X ဟာ ၂၀၁၈ မှာ
ထင်သလောက်အောင်မြင်မှု့တွေ ရှိမှာမဟုတ်ဘူးလို့ပြောထားပါတယ်။ iPhone X ကိုအသုံးပြုမယ့်သူတွေကလဲ ၂၀၁၇ ဒီဇင်ဘာလောက်ကတည်းက ဝယ်ထားကြပြီ ဖြစ်တာကြောင့် ထပ်ရောင်းရမှာ မဟုတ်တော့ဘူးလို့ CNBC သတင်း Web Site ကလဲပြောထားပါတယ်။

Apple ကနေ iPhone X ဈေးနှုန်းလျော့ချမှ အရောင်းပြန်တက်လာမယ်လို့လဲပြောထားပါတယ်။ iPhone အသစ် ၃မျိုး ထဲမှာ LCD display နဲ့ iPhone X ပုံစံအတိုင်းပါဝင်မယ့် ဈေးနှုန်း လျော့ထားပေးတဲ့ model လဲပါဦးမှာပါ။ အဆိုပါ model များ မရောင်းချခင် လက်ကျန် iPhone X model ကို သေချာပေါက်ဈေးလျော့ပေးမယ်လို့ ခန့်မှန်းထားကြပါတယ်။

Refrence from